စာရေးသူ

အားလုံးမြင်နိုင်ရန်
Linda Washington

လင်းဒါဝါရှင်တန်

လင်းဒါဝါရှင်တန် (Linda Washington)သည် အမေရိကန်နိုင်ငံ၊ အီလီနွိုင်းပြည်နယ်၊ အီဗန်စတန်မြို့ရှိ Northwestern တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/ စာရေးသားခြင်းအတတ်)၊ ဗားမောက်ပြည်နယ် (Vermount)၊ မောက်ဖီးလီယာမြို့ (Montpelier)ရှိ ဗားမောက် အနုပညာကောလိပ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ သူမသည် ကလေး၊ ဆယ်ကျော်သက်နှင့် လူကြီးများအတွက် အပျော်ဖတ်ဝတ္ထု၊ ရသဝတ္ထုများကို သူတစ်ဦးတည်းဖြစ်စေ၊ အခြားစာရေးဆရာများနှင့် ပူးတွဲ၍ဖြစ်စေ ရေးသားခဲ့သည်။ သူမရေးသားခဲ့သော စာအုပ်များတွင် God and Me (အသက် ၁၀ နှစ်မှ ၁၂ နှစ် ကလေးများအတွက် Hendrickson Rose ပုံနှိပ်တိုက်မှ ထုတ်ဝေသည်) နှင့် The Soul of C.S. Lewis (စာရေးဆရာ Jerry Root၊ Wayne Martindale နှင့် အခြားစာရေးဆရာများနှင့် အတူတွဲဖတ်ရေးသားထားပြီး Tyndale House ပုံနှိပ်တိုက်မှ ထုတ်ဝေထားသည်) စာအုပ်များ ပါဝင်သည်။

စာမူ/ အကြောင်းအရာ များ လင်းဒါဝါရှင်တန်

တစ်ယောက် နာကျင်လျှင် အားလုံးနာကျင်ရသည်။

လုပ်ဖော်ဆောင်ဖက်တစ်ဦးသည် အလွန်အမင်းနာကျင်သည့် ဝေဒနာခံစားရလျက် ဖုန်းဆက်လာသောအခါ ရုံးမှလူတစ်ယောက်စီတိုင်း စိုးရိမ်သွားကြသည်။ ဆေးရုံ တစ်ရက် တက်အနားယူပြီး ရုံးပြန်တက်သောအခါ နာကျင်မှုသည် ကျောက်ကပ်၌ ကျောက်တည်ခြင်းကြောင့်ဖြစ်ပြီး သူက ထိုကျောက်ကို အမှတ်တရအဖြစ် ဆရာဝန်ထံမှ တောင်းခဲ့ပြီး ရုံးသို့ယူလာပြသည်။ ကျောက်ကို ကြည့်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်မှ ကျွန်ုပ်၏သည်းခြေကျောက်ကို အမှတ်ရကာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုနာကျင်မှု ဝေဒနာကို မချိတင်ကဲခံစားခဲ့ရသည်။

တစ်ခါတစ်ရံ သေးငယ်သောအရာလေးက ခန္ဓာ တစ်ခုလုံးကို နာကျင်မှုဝေဒနာဖြစ်စေခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ၁ ကော ၁၂း၂၆ တွင် တမန်တော် ရှင်ပေါလု သွယ်ဝိုက်၍ဖော်ပြထားသည့်အချက် ဖြစ်သည်။ ‘‘အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါ အပေါင်းတို့သည် အတူခံရကြ၏”။ အခန်းကြီး ၁၂ တစ်ခန်းလုံးတွင် ကမ္ဘာတစ်ဝန်းလုံးမှ ခရစ်ယာန်များကို ခန္ဓာကိုယ်အဖြစ် ဥပမာပြုထားသည်။ ရှင်ပေါလုက ‘‘ဘုရားသခင်သည် ကိုယ်ခန္ဓာကို မျှစေ၍’’…

ကျောက်ဆောင်သို့ ပို့ဆောင်မူပါ

လေအခြောက်မှုတ်စက် ၀ယ်ရန် စတိုးဆိုင်သို့ သွားစဉ် အမျိုးသမီးကြီးတစ်ဦးမှာ ရှေ့တိုး နောက်ဆုတ်ပုံစံနှင့် လျှောက်လာသဖြင့် ‘‘သူလည်း ဒီစက်လာဝယ်တာထင်တယ်’’ ဟု တွေးမိကာ ဘေးကပ်ပြီး သူ့ကို ဦးစားပေးလိုက်သည်။ ထိုနောက် ကျွန်မတို့၏ ရပ်ကွက်အတွင်းဖြစ်ပွားနေသည့် တုပ်ကွေးဗိုင်းရပ်စ်အကြောင်း ပြောဖြစ်ပြီး သူက တုပ်ကွေးမိပြီးနောက် ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်း နောက်ဆက်တွဲ ဝေဒနာကို ခံစားနေရသည်။

အချိန်ခဏလေးအတွင်း သူက ထိုဗိုင်းရပ်စ်ပိုး အကြောင်း သူ့အထင်အမြင်များကို သမိုင်းကြောင်းချီ၍ ပျစ်ပျစ်နှစ်နှစ်ပြောနေသည်။ ကျွန်မက ဘာလုပ်ရမှန်းမသိဘဲ နားထောင်နေလိုက်သည်။ သူဆိုင်မှ ထွက်ခွာသွားသည့်တိုင် ဒေါသစိတ်မပြေ၊ စိတ်ရှုပ်ထွေးလျက်နှင့် ထွက်သွားသည်။ သူ၏စိတ်ရှုတ်ထွေးမှုကို ဖော်ပြခဲ့ပါသော်လည်း သူ့ကို ကျွန်မ ဘာအကူအညီမှ မပေးနိုင်ခဲ့ပါ။

ဣသရေလလူတို့၏ ဒုတိယမြောက်ရှင်ဘုရင် ဒါဝိဒ်မင်းသည်လည်း ဘုရားသခင်ထံသို့ သူ၏အမျက်ထွက်ခြင်း၊ စိတ်ရှုတ်ထွေးရခြင်းတို့ကို ဖော်ပြလျက်၊ ဆာလံသီချင်းများ ရေးဖွဲ့ခဲ့သည်။ သို့သော် ဘုရားသခင်က နားထောင်ရုံမျှမက…

ပြဿနာများအကြား ချီးမွမ်းခြင်း

‘‘ကင်ဆာ’’ ဟု အမေပြောသောအခါ ကျွန်မကြံ့ကြံ့ခံနိုင်အောင် ကြိုးစားသော်လည်း မရပါ၊ မျက်ရည်များ စီးကျလာသည်။ ထိုစကားမျိုးကို တစ်ကြိမ်မျှပင် မကြားလိုပါ။   ဤတစ်ကြိမ်သည် အမေ့အတွက် တတိယအကြိမ်မြောက် ကင်ဆာရောဂါခံစားရခြင်း ဖြစ်သည်။ ပုံမှန်ဆေးစစ်ချက်များ၊ အသားစစစ်ဆေးချက်များ၏အဖြေကို ရရှိပြီးနောက် အမေ့လက်မောင်းအောက်၌ အသက်အန္တရာယ်ရှိသော အကြိတ်ဖုတစ်ခု ရှိနေသည်။

ရောဂါဆိုးခံစားရသူက အမေဖြစ်သော်လည်း ကျွန်မကို သူနှစ်သိမ့်ပေးခဲ့သည်။ အမေ့ တုံ့ပြန်မှုက ကျွန်မကိုအံ့သြသွားစေသည်။ ‘‘ဘုရားရှင်က အမေ့အပေါ် အမြဲ ကောင်းတယ်ဆိုတာ အမေသိတယ်။ ကိုယ်တော်က အမြဲ သစ္စာရှိတယ်’’ ဟု ဆိုသည်။ ခက်ခဲသောခွဲစိတ်မှုကို ခံယူ ပြီးနောက် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ဆက်လက်ကုသ ရသည့်တိုင် အမေသည် ဘုရားသခင်၏မျက်မှောက်တော်နှင့် ကရုဏာသစ္စာတော်ကို  ဆက်လက်ကိုင်စွဲထားသည်။

သားသမီး၊ စည်းစိမ်ချမ်းသာနှင့် ကျန်းမာရေးကို ဆုံးရှုံးခဲ့သည့် ယောဘ၏ အဖြစ်နှင့်တူလိုက်ပါဘိ။ သတင်းဆိုးများကြားရပြီးနောက် ယောဘသည် ‘‘မြေပေါ်မှာ ၀ပ်လျက်…

အမျက်ထွက်သည့် ဘုရားလား

တက္ကသိုလ်တွင် ဂရိနှင့်ရောမဒဏ္ဍာရီများကို ကျွန်မလေ့လာခဲ့စဉ်က ပုံပြင်များထဲမှ နတ်ဘုရားများသည် အလွယ်တကူ ဒေါသထွက်ကြပြီး၊ မကြာခဏ စိတ်ဆိုးကြကြောင်း တွေ့ရှိရသည်။ သူတို့၏ဒေါသအမျက်ကို ခံရသည့်လူသားများသည် တစ်ခါတစ်ရံ သူတို့နှုတ်မှ ဆန္ဒပြုလိုက်ရုံနှင့် အသက်ပျောက်ခဲ့ရသည်။

ကျွန်မ လှောင်ပြောင်မိပြီး မည်သို့သောလူများက ထိုနတ်ဘုရားများကို ယုံကြပါလိမ့်ဟု တွေးမိသည်။ နောက်မှ‘‘အမှန်တကယ် အသက်ရှင်သော ဘုရားသခင်အပေါ် ကျွန်မ၏အမြင်သည်လည်း ထူးမခြားနားဖြစ်နေလား၊ ကွဲပြား ခြားနားပါ၏လော’’ ‘‘သံသယ၀င်လာတိုင်း ကိုယ်တော့်ကို   အမျက်ထွက်လွယ်သည့်ဘုရားအဖြစ် ကျွန်မမြင်မိသလား။’’ ဟုတ်ပါသည်။ ကျွန်မ ထိုသို့မြင်မိသည်။ ၀မ်းနည်းစရာပါ။

ထို့ကြောင့် ‘‘ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ’’ ဟု တောင်းဆိုသည့် မောရှေကို ကျွန်မ သဘောကျသည် (ထွက် ၃၃း၁၈)။ သူ့ကိုဆန့်ကျင်၍မကြာခဏ ညည်းတွားတတ်သည့် လူအုပ်ကြီးကို ဦးဆောင်ရန် ရွေးချယ်ခံရသည့်အတွက် ထိုကြီးလေးသည့် တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားရှင် သူ့ကို အမှန်တကယ် မစမည်လားကို မောရှေ…

ဘုရားသခင်၏မစမှုဖြင့်

ကျွန်မအသက်ကြီးလာသည်နှင့်အမျှ အရိုးအဆစ်များ ကိုက်ခဲသည့်ဒဏ်ကို အထူးသဖြင့် အေးသည့်ရာသီတွင် ပို၍ခံစားရသည်။ တစ်ခါတစ်ရံတွင်မူ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ နိုင်သော အငြိမ်းစားဝန်ထမ်းများပမာ အောင်နိုင်သူကြီးကဲ့သို့ ပို၍သက်သောင့် သက်သာ ခံစားရသည်။  

ထို့ကြောင့် အသက်ကြီးသော ကာလက်ကို ကျွန်မ၏သူရဲကောင်းအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ကာလက်သည် ကတိတော်မြေ ခါနန်ပြည်ကို ထောက်လှမ်း ရန် မောရှေစေလွှတ်လိုက်သည့် သူလျိုဖြစ်သည် (တော ၁၃-၁၄)။ စေလွှတ်လိုက်သော သူလျို ၁၂ ဦးအနက် အခြားသူများက မဖြစ်နိုင်ကြောင်း သတင်းပို့ကြချိန်တွင် ကာလက်နှင့်ယောရှု နှစ်ဦးသာလျှင် ဘုရားသခင် အခွင့်အရေး ပေးကြောင်း သတင်းကောင်းကို ပြောကြားသည်။ ယောရှု မှတ်စာ ၁၄ တွင် ကာလက်သည် သူရပိုင်ခွင့်ရှိသော မြေဝေစုကိုလက်ခံရန် အချိန်တန်ပြီဖစ်သော်လည်း ထိုမြေမှ ရန်သူများကို တိုက်ထုတ်ရန် ကျန်သေးသည်။ အနားယူရန် ဆန္ဒမရှိ၊ တိုက်ပွဲကိုလည်း လူငယ်များအား လက်မလွှဲဘဲ ကာလက်က…

အသံဗလံပြုလျက် ရွှင်လန်းစွာ ကြွေးကြော်

ကျွန်မ ပုံမှန်တက်ရောက်ပါဝင်နိုင်မည့် အသင်းတော်တစ်ပါးပါးကို ရှာဖွေခဲ့စဉ်က ကျွန်မ မိတ်ဆွေတစ်ဦးသည် သူ့အသင်းတော်၏ အစီအစဉ်တစ်ခုသို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူက ကျွန်မအလွန်နှစ်သက်သည့်သီချင်းဖြင့် ပရိသတ်ကို ဦးဆောင်သည်။ ထို့ကြောင့် ကောလိပ်တက်စဉ်က သံစုံအဖွဲ့ခေါင်းဆောင်၏ ‘‘ရှင်းလင်းပြတ်သား ကျယ်လောင်စွာ’’ သီဆိုရန် တိုက်တွန်း ခဲ့ခြင်းကို သတိရလျက် သီချင်းကို အားပါးတရ သီဆိုချီးမွမ်း လိုက်သည်။
သီချင်းဆုံးသော် ကျွန်မမိတ်ဆွေ၏ ခင်ပွန်းက ကျွန်မဘက်လှည့်ပြီး ‘‘မင်းအသံကျယ်ကျယ်ဆိုတာဘဲ’’ ဟု ပြောသည်။ သူ့မှတ်ချက်က ကျွန်မကို ချီးကျူးခြင်းတော့ မဟုတ်တန်ရာ၊ သို့နှင့် ကျွန်မ၏အသံကိုထိန်းပြီး ကျွန်မအနီး အနားရှိလူများထက် အသံတိုးအောင် သတိထားကာ၊ ကျွန်မ၏သီဆိုမှုကို လူများဝေဖန်နေမည်လားဟု တွေးရင်း သီဆိုသည်။
သို့သော် တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်မအနီးမှအမျိုးသမီးတစ်ဦးကို ကျွန်မသတိထားမိသည်။ သူက မိမိကိုယ်ကို ထိန်းမနေဘဲ မြတ်နိုးကြည်ညိုစိတ်နှင့် ချီးမွမ်း သီဆိုနေသည်။ သူ့ကိုကြည့်ပြီး…

စွန့်ပစ်ခြင်းမဟုတ်၊ ခွဲခွာခြင်းသာ

ကျွန်မ၏တူမလေး ဘော့စ်တွန်တက္ကသိုလ်တွင် ဘွဲ့သွားယူရန် မက်ဆာချူးဆက် ပြည်နယ်သို့ မထွက်ခွာမီညက သူ့ကို နှုတ်ဆက်ရင်း ကျွန်မ၏လည်ချောင်းတွင် ဆို့နင့်ခဲ့ ရသည်။ ဘွဲ့မရမီက ပညာသင်ချိန် လေးနှစ်တွင် အိမ်နှင့် ခွဲခွာခဲ့သော်လည်း ကျွန်မတို့ ပြည်နယ်မှ ထွက်သွားခြင်းမဟုတ်သဖြင့် နှစ်နာရီခွဲခန့် ကားမောင်းလာရုံနှင့် ကျွန်မတို့ အလွယ်တကူ ပြန်လည်ဆုံတွေ့နိုင်ခဲ့သည်။ ယခုတွင် မိုင် ၈၀၀ မက ဝေးသောအရပ်တွင် သူရောက်နေပေပြီ။ တစ်ယောက်နှင့်တစ်ယောက် ပုံမှန်တွေ့ဆုံစကားပြောရန် မလွယ်တော့ပါ။ သူမကို စောင့်ရှောက်ရန် ဘုရားသခင်ထံ အပ်နှံရပါတော့သည်။
ရှင်ပေါလုသည် ဧဖက်မြို့အသင်းတော်လူကြီးများကို နှုတ်ဆက်ခွဲခွာရသည့်အခါတွင်လည်း ထိုကဲ့သို့ သူခံစားခဲ့ရ သည်။ အသင်းတော်ကို တည်ထောင်ပြီး သုံးနှစ်တိုင်အောင် သင်ကြားပျိုးထောင်ပေးခဲ့ရသဖြင် ထိုသူတို့နှင့် မိသားစုပမာ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ယခုတွင် ယေရုရှလင်မြို့သို့ ရှင်ပေါလု ခရီးပြုနေပြီဖြစ်၍ သူတို့နှင့် ပြန်လည် မဆုံဆည်းနိုင် တော့ပေ။
သို့သော်လည်း ရှင်ပေါလုသည်…

ဒေါသကို ထိန်းချုပ်ကွပ်ကဲခြင်း

ကျွန်မသူငယ်ချင်းတစ်ယောက်နှင့် ညနေစာစားနေစဉ် သူ့အမျိုးတစ်ယောက်ကို သူစိတ်ပျက်နေကြောင်း ရင်ဖွင့်သည်။ သူ့ကို သရော်လှောင်ပြောင်ပြီး ဂရုမစိုက်သည့် အမူအကျင့်များဖြင့် သူစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့ကို စကားပြောရန် သူတွန့်ဆုတ်နေခဲ့သည်။ ထိုပြဿနာကို ထိပ်တိုက် ဖြေရှင်းရာ၌လည်း လှောင်ပြောင်သရော်သော အပြုအမူဖြင့် တုံ့ပြန်မှုကိုသာ ရခဲ့သည်။ ထိုအခါ သူဒေါသအိုးပေါက်ကွဲ လေရာ နှစ်ဖက်အသိုင်းအ၀ိုင်း စိတ်သဘောထား ကွဲလွဲပြီး မိသားစု ရင်းနှီးမှု ပြိုပျက်လေတော့သည်။
ကျွန်မလည်း ဒေါသပြဿနာကို ထိုနည်းနှင်နှင် ဖြေရှင်းခဲ့ခြင်းကြောင့် ထိုပြဿနာကို ကျွန်မ နားလည်သည်။ လူလူချင်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသည့် အချိန်များ ရှိခဲ့သည်။ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦး ပြောလိုက်သောစကားက ကျွန်မ၏ဒေါသကို ထိပါးလာပါက ကျွန်မမျိုသိပ်လိုက်သည်။ ထိုသူ (သို့) အခြားသူတစ်ဦးဦး နောက်တစ်ကြိမ်လာပြော၊ လာလုပ်သည်တွင် ကျွန်မ ပေါက်ကွဲတော့သည်။
ထို့ကြောင့် ဧဖက် ၄း၂၆…

လှည့်စားခြင်း

၂၀၁၆ ခုနှစ် နွေရာသီက ကျွန်မတူမက ကျွန်မထံ ပိုကီမွန် ဂိမ်းကစားရန် စည်းရုံးသည်။ ၎င်းသည် စမတ်ဖုန်းတွင် ဖုန်းကင်မရာကို အသုံးပြု၍ ကစားရသော ဂိမ်းတစ်ခုဖြစ်သည်။ ဂိမ်း၏ရည်ရွယ်ချက်မှာ ပိုကီမွန်ဟု ခေါ်သော အကောင်လေးများကို ဖမ်းရခြင်းဖြစ်သည်။ ပိုကီမွန်ဂိမ်းထဲ၌ အကောင်လေးတစ်ကောင်ပေါ်လာပါက ဖုန်းမျက်နှာပြင်တွင် အနီနှင့် အဖြူဘောလုံးလည်း ပေါ်လာသည်။ ကစားသူက ဘောလုံးအား  ပိုကီမွန်ထံ လက်ချောင်းဖြင့် ပုတ်ထုတ် ရသည်။ လှည့်ဖြားသွေးဆောင်ခြင်းအားဖြင့် ပိုကီမွန် အကောင်လေးများအား အလွယ်တကူ ဖမ်းယူရရှိနိုင်သည်။
ပိုကီမွန်အကောင်လေးများသာ လှည့်စား ဖြားယောင်းခံရသည့် သတ္တ၀ါများ မဟုတ်ပါ။ ဓမ္မသစ်ကျမ်းတွင် (သခင်ယေရှု၏ညီတော်) ရှင်ယာကုပ်မှ ယုံကြည်သူ များထံ ရေးသားသောစာ၌ ‘‘မိမိတပ်မက်သောစိတ် ဆွဲငင် ဖြားယောင်းခြင်းကိုခံသောသူ မည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက် တတ်၏’’ (၁း၁၄) ဟု သတိပေးထားသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏လိုအင် ဆန္ဒနှင့်…

အတောင်တော်အောက်၌

အကွယ်အကာနှင့်ပတ်သက်ပြီး စဉ်းစားလျှင် အလိုလိုနေရင်း ငှက်၏ အမွေးအတောင်ကို မစဉ်းစားမိပါ။ ငှက်၏အမွေးအတောင်က ပါးလွှာသော အကွယ်အကာအဖြစ် ထင်မြင်ရ သော်လည်း မျက်စိဖြင့် မြင်နိုင်စွမ်းထက် ၎င်းတို့၏ အရေးပါမှုက သာလွန်ပါသည်။
ငှက်အမွေးအတောင်များသည် ဘုရားသခင်၏ အံ့ဖွယ်ကောင်းသောလက်ရာ ဒီဇိုင်း နမူနာတစ်ခုဖြစ်သည်။ ငှက်အမွေး၌ ချောမွတ်သည့် အပိုင်းနှင့် နူးညံ့သည့်အမွေးနုအပိုင်းဟူ၍ ရှိသည်။ ချောမွတ်သည့်အမွေး၌ သေးငယ်သော ချိတ်လေးပါရှိ သည့် မာကြောသည့် ဆူးထစ်ရှိသည်။ ယင်းချိတ်လေး များသည် ဇစ်ကြိုး၏အသွားများကဲ့သို့ တစ်ခုနှင့်တစ်ခု ထိစပ်ချိတ်ဆက်ထားသည်။ နူးညံ့သောအမွေးများက ငှက်ကို နွေးထွေးစေသည်။ ထိုအမွေးနှစ်မျိုးက အတူတကွ အလုပ်လုပ်ပြီး ငှက်ကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေး သည်။ သို့သော် ငှက်ပေါက်လေးများမှာ အမွေးနုလေးများသာရှိပြီး၊ အမွေးအတောင် မစုံသေးပါ။ ထို့ကြောင့် မိခင်ငှက်မကြီးက ငှက်ပေါက် လေးများကို လေဒဏ်မိုးဒဏ်မှကာကွယ်ရန် အသိုက်ထဲ၌ ငှက်လေးများကို သူ၏…